အဆင့်
Z.com Sign ကို အခမဲ့ (၃) လ အသုံးပြုခွင့်ရယူပါ။
အဆင့်
Z.com Sign ကို ပထမဆုံး၀င်ရောက်အသုံးပြုရန်အတွက် Email နှင့် Password ကိုအသုံးပြု၍မှတ်ပုံတင်နိုင်ပြီး လိုအပ်သော အချက်အလက်များကို ထပ်မံဖြည့်သွင်းရပါမည်။
အဆင့်
Z.com Sign ကို စမ်းသပ်အသုံးပြုသည်နှင့်တစ်ပြိုင်နက် လုံခြုံသောဒီဂျစ်တယ်နည်းပညာဖြင့် စီးပွားရေးလုပ်ငန်း လည်ပတ်စီးဆင်းမှု ကို သင်ခံစားနိုင်လိမ့်မည်။.
Z.com Sign သည် ဂျပန်နိုင်ငံမှ Cloud-Based Electronic လက်မှတ်ရေးထိုးခြင်းဆိုင်ရာ စီးပွားရေး အဖြေတစ်ခုဖြစ်ပါသည်။ စာရွက်စာတမ်းအားလုံးကို စုစည်းပြီး တစ်ခါတည်း လက်မှတ်ရေးထိုးနိုင်သော အဆိုပါ Software သည် သင့်ရဲ့ စာရွက်စာတမ်းများကို စီစစ်ခြင်း၊ စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ ရှာဖွေခြင်း အစရှိသော များပြားလှသည့် လုပ်ငန်းတာ၀န်များ ကို အချိန်ကုန်သက်သာပြီး ပြီးမြောက်အောက်ဆောင်ရွက်ပေးနိုင်ပါသည်။ လက်မှတ်ထိုးချိန်များမှတ်သားခြင်း၊ ရေရှည်အတည်ပြုပေးနိုင်ခြင်း နှင့် Browser တစ်ခုတည်းကိုသာအသုံးပြု၍ အချိန်နေရာမရွေး စစ်ဆေးလက်မှတ်ရေးထိုးနိုင်ခြင်း စသည့် အားသာချက်များကြောင့် အချိန်ကုန်ငွေကုန်သက်သာခြင်း၊ စာရွက်စာတမ်းများသိမ်းဆည်းရန်နေရာများ နှင့် စာရွက်စာတမ်းပို့ဆောင်ခများ ကိုလည်း သိသိသာသာ ကိုလျော့ချပေးနိုင်ပါမည်။ စာရွက်စာတမ်းများကို Electronic နှင့် Digital နည်းလမ်းများဖြင့် Z.com Sign အသုံးပြုနည်းကိုသိရှိလိုပါက အောက်ပါ Video တွင်ကြည့်ရှုနိုင်ပါသည်။
လက်မှတ်ရေးထိုးခြင်း ဆိုင်ရာလုပ်ငန်းအသွားအလာများကို ရိုးရှင်းလွယ်ကူချောမွေ့စေရန် နှင့် End User များအတွက်ပါ ကြိုတင်စိတ်ကူးကာ ဖန်တီးပုံဖော်ထားသောကြောင့် Z.com Sign သည် အဖွဲ့အစည်းအားလုံးမှ ၀န်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သုံးစွဲသူများ အားလုံးကိုယ်တိုင် အသုံးပြုလက်မှတ်ရေးထိုးနိုင်သည့် စာရွက်စာတမ်းများကို လုံခြုံပြီး အသုံးပြုရလွယ်ကူသော Platform မှတစ်ဆင့် တစ်ဦးချင်းလည်း စီမံခန့်ခွဲနိုင်ပါသည်။
အစဉ်အလာအရ Hardware ပိုင်းဆိုင်ရာ စိတ်မချရမှုများနှင့် လက်မှတ်ထိုးပြီးသောစာရွက်စာတမ်းများကို စီမံခန့်ခွဲရာတွင် ရှုပ်ထွေးမှုများကြောင့် Digital လက်မှတ်များကို အသုံးပြုရန် ခက်ခဲသော်လည်း Z.com Sign ၏ ပထမဦးဆုံးသော Digital လက်မှတ်ရေးထိုးခြင်းဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် Admin များသည် Tokens များကိုသုံးစရာမလိုပဲ Cloud System နှင့်စတင်မိတ်ဆက်နိုင်ပါသည်။ သာမန် Digital လက်မှတ်များနှင့် မတူညီသော Z.com Sign ၏ တစ်မူထူးခြားသော စာရွက်စာတမ်းစီမံခန့်ခွဲမှုပုံစံကြောင့် IT ပိုင်းဆိုင်ရာ အလုပ်တာ၀န်များနှင့် အချိန်ကုန်ခြင်းများကိုလည်းလျော့ချပေးနိုင်ပါသည်။
စာရွက်စာတမ်းလုပ်ငန်းစဉ်များကို အခြားသော Platform များစွာအသုံးပြုပြီး
သင့်လုပ်ငန်းဆောင်တာလည်ပတ်မှုများကို မနှေးကွေးပါစေနှင့်။
Z.com Sign သည် စတင်အသုံးပြုသူများအတွက် ရိုးရှင်းလွယ်ကူစေပြီး
အရေးကြီးသော စာရွက်စာတမ်းများကိုလည်း မိနစ်ပိုင်းအတွင်း HR ဌာနမှ Accounting ဌာနထံသို့ လည်းကောင်း၊ Finance ဌာနမှ Sales ဌာနထံသို့လည်းကောင်း လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်နိုင်ပါသည်။
သင်သည် သင့်လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် အညီလက်မှတ်ရေးထိုးခြင်းဆိုင်ရာ စံနှုန်းများကိုရှာဖွေနေသည်ဖြစ်စေ (သို့မဟုတ်) စာရွက်စာတမ်းများ ကို အတည်ပြုရန်၊
ရှာဖွေရန်နှင့် သိမ်းဆည်းထားပြီး နောင်တစ်ချိန်တွင် ပြန်လည်ကိုးကားအသုံးပြုရန်လိုအပ်မည်ဆိုလျှင် Z.com Sign သည် ကြီးမားကျယ်ပြန့်သောလုပ်ငန်းများနှင့်၊ အလယ်အလတ်စီးပွားရေးလုပ်ငန်းများအတွက် စာရွက်စာတမ်းများကို အစီအစဉ်တကျ လက်မှတ်ရေးထိုးရန် ပြီးပြည့်စုံသော လုပ်ငန်းအဖြေတစ်ခုဖြစ်ပါသည်။
လုပ်ငန်းတိုင်းဟာ စာရွက်စာတမ်းလက်မှတ်ရေးထိုးခြင်း နှင့် စီမံခန့်ခွဲမှုများကိုပြုလုပ်ရန်
တူညီသော Budget မရှိတာကိုလည်း ကျွန်တော်တို့သိရှိရပါတယ်။
Z.com Sign ကဲ့သို့ အခြား PKI များနှင့်
သက်သေခံ စီမံခန့်ခွဲခြင်းဆိုင်ရာ အဖြေများထဲတွင် Z.com Sign သည် သင့်နည်းပညာဆိုင်ရာ ၀န်ဆောင်မှုများကို တစ်နေရာတည်းတွင်
မိမိတတ်နိုင်သောဈေးနှုန်းအလိုက် ပေါင်းထည့်ကာအသုံးပြုနိုင်ပါသည်။
သင့်လုပ်ငန်းအဖွဲ့အစည်းဟာ ၀န်ထမ်းပေါင်း (၅) ယောက် (သို့မဟုတ်) (၅၀၀၀) ခန့် ဖြင့်ဖွဲ့စည်းထားလျှင်လည်း ထပ်မံတိုးပွားလာသော အသုံးပြုသူများအတွက် အခကြေးငွေထပ်မံ ပေးသွင်းရန်မလိုအပ်ပါ။ ဒီတန်ဖိုးရှိ သောအချက်သည် သင့်လုပ်ငန်းအဖွဲ့အစည်းအတွက် အကျိုးကျေးဇူးကြီးမားစေပါသည်။
အသုံးပြုသူနှင့် Admin များကြား သဘောတူညီမှုအပြည့်အစုံ ရရှိလိမ့်မည်ဖြစ်ပြီး စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခြင်းနှင့် စီမံခန့်ခွဲခြင်းများ ပြုလုပ်ရာတွင် အမှန်တကယ် လွယ်ကူပြီးလျင်မြန်စေပါသည်။
Z.com Sign သည် Electronic လက်မှတ်များ၊ AATL Digital လက်မှတ်များ၊ eIDAS နှင့်လိုက်လျောညီထွေရှိသော အဆင့်မြင့် Electronic လက်မှတ်များ နှင့် မည်သည့်လက်မှတ်အမျိုးအစားမျိုးကိုမဆို ကြားခံအသုံးပြုသူထံမှ လက်မှတ်ရေးထိုးနိုင်ခြင်းကို ကူညီထောက်ပံ့ပေးပါတယ်။
ခိုင်မာသောအချက်အလက်များနှင့် အသုံးပြုရန်တတ်နိုင်သော ငွေကြေးပမာဏကို သတ်မှတ်ထားသောကြောင့် သင့်လုပ်ငန်း Digital အသွင်ကူးပြောင်းရာမှာ Z.com Sign ကို အသုံးပြုခြင်းသည် ကုန်ကျစရိတ်များသက်သာစေသောနည်းလမ်းဖြစ်ပြီး အမှန်တကယ် သင့်လုပ်ငန်းဆောင်တာများကိုတိုးတက်စေနိုင်ပါတယ်။
Z.com Sign ကို အသုံးပြုသူအရေအတွက် ကန့်သတ်ထားခြင်း မရှိပါ။ Admin သည် Service အသုံးပြုသူ Account အားလုံးကို ဖန်တီးထိန်းချုပ်နိုင်ပါသည်။
Admin ကိုယ်တိုင် စာရွက်စာတမ်းများစွားအသုံးပြုရန် ခွင့်ပြုပေးခြင်း နှင့် ကြည့်ရှုမှုကန့်သတ်ခြင်းများကို သေချာစွာစီမံခန့်ခွဲနိုင်ပါသည်။ Standard Function ဖြစ်သောကြောင့် နောက်ထပ်အခကြေးငွေထပ်မံပေးရန်မလိုအပ်ပါ။
Electronic စာရင်းကိုင်ဥပဒေနှင့်အညီ လုံခြုံစွာအသုံးပြုနိုင်ပါသည်။ ပိုမိုမြင့်မားသောတရား၀င်အကျိုးသက်ရောက်မှုများအတွက်လည်း Party-Type Electronic လက်မှတ်ကိုလည်း အသုံးပြုနိုင်ပါသည်။
အသုံးပြုသူ၏ တံဆိပ်ရိုက်နှိပ်ခြင်း များအားလုံးနှင့်အဆင်ပြေကာသဟဇာတဖြစ်ခြင်း။
မိတ်ဆက်ပြီးသည့်တိုင် သုံးစွဲသူများသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရန် အမျိုးမျိုးသောဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။
Live Chat (သို့မဟုတ်) ဖုန်းဖြင့်ရုံးဖွင့်ချိန်(9:00 AM to 6PM)အတွင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး support@gmoace.comသို့လည်းEmailပို့ကာအသိပေးအကြောင်းကြားနိုင်ပါသည်။
မတူညီသော ၀န်ဆောင်မှုအမျိုးမျိုးကို ကျွန်ုပ်တို့ ဆောင်ရွက်ပေးသောကြောင့် Customer များအနေဖြင့် ၀န်ဆောင်မှုများကို စိတ်ချမ်းသာစွာ အသုံးပြုနိုင်ပါသည်။