Z.com ၏ အဆင့်မြင့် Security Scanning စနစ်ဖြင့် သင့် Website ကို လုံခြုံရေး အားနည်းချက်များမှ ကာကွယ်လိုက်ပါ။ Attackers များ မသိရှိမီ Threats များကို ကြိုတင် ရှာဖွေလိုက်ပါ။
Vulnerability Assessment (VA Scan) ဆိုသည်မှာ Hacker များ တိုက်ခိုက်ခြင်း မပြုလုပ်နိုင်မီ စနစ်၏ အားနည်းချက်များနှင့် အင်တာနက်မှတဆင့် ဝင်ရောက်လာနိုင်သော အန္တရာယ်များကို ကြိုတင်ထောက်လှမ်းပေးသည့် အလိုအလျောက် "Security Check-Up" တစ်ခု ဖြစ်ပါသည်။
လစဉ် လုံခြုံရေးစစ်ဆေးချက် (Security Checks) ၇၇ ခု ပါဝင်သော Basic Scan တစ်ကြိမ် အခမဲ့ ရရှိပါမည်။
သင် စီမံခန့်ခွဲနေသော မည်သည့် Website ကိုမဆို လုံခြုံရေး စစ်ဆေးမှု ပြုလုပ်နိုင်ပါသည်။
စစ်ဆေးမှု ပြီးဆုံးရန် ၅ မိနစ်မှ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပါမည်။
WordPress, Joomla နှင့် Drupal version များကို သိရှိနိုင်ပါသည်။
ပြင်းထန်မှု အဆင့်လိုက် ခွဲခြားထားသော အသေးစိတ် Report များကို ရရှိပါမည်။
Ports၊ SSL/TLS နှင့် Security Headers များကို စစ်ဆေးပေးပါသည်။
နေ့စဉ် Cyber attack ပြုလုပ်ရန် ကြိုးပမ်းမှုပေါင်း သန်း ၅၀ ကျော်ကို တွေ့ရှိနေရပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် WordPress Website များသည် နေ့စဉ် အကြိမ်ရေ သန်း ၅၀ ကျော် တိုက်ခိုက်ခံနေရပါသည်။
အောင်မြင်သွားသော တိုက်ခိုက်မှု ၉၀% ကျော်သည် Known Vulnerabilities များကို အခွင့်ကောင်းယူ တိုက်ခိုက်ခြင်း ဖြစ်ပါသည်။
Hacker များသည် Website များ၏ Security Weaknesses များကို အမြဲမပြတ် ရှာဖွေနေကြသည်။ သင့်လျော်သော ကာကွယ်မှုများ မရှိပါက သင့် Website သည် အလွယ်တကူ ပစ်မှတ်ထားခံရနိုင်ပါသည်။ ဤတိုက်ခိုက်မှုများသည် စီးပွားရေးလုပ်ငန်းများနှင့် တစ်သီးပုဂ္ဂလိက Website များကိုပါ ထိခိုက်နိုင်သဖြင့် လုံခြုံရေး အစီအမံများမှာ မရှိမဖြစ် လိုအပ်ပါသည်။
"ငါ့ကိုတော့ မဖြစ်လောက်ပါဘူး" ဟု မထင်လိုက်ပါနှင့် — Cyber attack များသည် မည်သူ့ကိုမဆို ပစ်မှတ်ထားနိုင်ပါသည်။
ပြီးပြည့်စုံသော Security Scanning ဖြင့် သင့်ဝက်ဘ်ဆိုက်ကို ကာကွယ်လိုက်ပါ။
ရိုးရှင်းသော အဆင့် ၄ ဆင့်ဖြင့် သင်၏ လုံခြုံရေး Report ကို ရယူလိုက်ပါ။
Control Panel ထဲသို့ ဝင်ရောက်ပြီး "Security Scan" ခလုတ်ကို နှိပ်ကာ Vulnerability Assessment လုပ်ငန်းစဉ်ကို စတင်ပါ။
သင် စစ်ဆေးလိုသော Website ကို Registered Domains စာရင်းထဲမှ ရွေးချယ်ပါ။ သင့် Hosting Account နှင့် ချိတ်ဆက်ထားသော မည်သည့် Domain ကိုမဆို စစ်ဆေးနိုင်ပါသည်။
Scan settings များကို ပြန်လည်စစ်ဆေးပြီး Comprehensive Security Analysis စတင်ရန် အတည်ပြုပါ။ Scan ဖတ်ခြင်းသည် ပုံမှန်အားဖြင့် ၅ မိနစ်မှ ၁၅ မိနစ်ခန့် ကြာမြင့်ပါသည်။
တွေ့ရှိချက်များ၊ အန္တရာယ်အဆင့်များ (Risk Levels) နှင့် အားနည်းချက်များကို ဖြေရှင်းရန် အဆင့်ဆင့် လမ်းညွှန်ချက်များ ပါဝင်သော အသေးစိတ် Security Report ကို Download ရယူပါ။
Website Security Scanning ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိထားသင့်သည်များ။
Website Security Scan ဆိုသည်မှာ သင့် Website ၏ လုံခြုံရေး အားနည်းချက်များ၊ လူသိများသော Vulnerabilities များနှင့် ဖြစ်လာနိုင်သော Cyber အန္တရာယ်များကို အလိုအလျောက် စစ်ဆေးပေးသည့် စနစ်ဖြစ်ပါသည်။ ၎င်းသည် SSL Certificates၊ Malware၊ Security Headers နှင့် Server Configurations များ အပါအဝင် လုံခြုံရေးအချက်အလက် ၇၇ ခုကျော်ကို စစ်ဆေးပေးပါသည်။
Website ၏ အရွယ်အစားနှင့် ရှုပ်ထွေးမှုပေါ် မူတည်၍ Scan အများစုသည် ၅ မိနစ်မှ ၁၅ မိနစ်အတွင်း ပြီးစီးပါသည်။ အသေးစိတ် Security Report ရရှိပါက အကြောင်းကြားစာ ပေးပို့ပေးပါသည်။
Web hosting ဝယ်ယူထားသော Customer များသည် အပိုကုန်ကျစရိတ် ပေးစရာမလိုဘဲ လစဉ် Basic Security Scan တစ်ကြိမ်ကို လက်ဆောင်အနေဖြင့် ရရှိပါမည်။ ၎င်းတွင် လုံခြုံရေးစစ်ဆေးချက် ၇၇ ခုကျော်နှင့် ပြန်လည်ပြုပြင်ရန် လမ်းညွှန်ချက်များ ပါဝင်သော အစီရင်ခံစာများ ပါဝင်ပါသည်။
ကျွန်ုပ်တို့၏ Scanner သည် SSL/TLS ပြဿနာများ၊ ခေတ်မမီတော့သော CMS versions (WordPress, Joomla, Drupal)၊ ပျောက်ဆုံးနေသော Security Headers များ၊ Malware ဝင်ရောက်မှုများ၊ Open Ports များ၊ SQL injection အန္တရာယ်များနှင့် XSS vulnerabilities စသည့် အားနည်းချက် အများအပြားကို ရှာဖွေပေးနိုင်ပါသည်။
မထိခိုက်စေပါ။ ကျွန်ုပ်တို့၏ Security Scan ကို Website အား အနှောင့်အယှက် မဖြစ်စေရန် ဒီဇိုင်းရေးဆွဲထားပါသည်။ ၎င်းသည် Passive Checks များသာ ပြုလုပ်ပြီး ပေါ့ပါးသော Requests များကိုသာ အသုံးပြုသောကြောင့် Scan ဖတ်နေစဉ်အတွင်း Website ၏ စွမ်းဆောင်ရည် သို့မဟုတ် အသုံးပြုသူများအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပါ။
Security Report တစ်ခုစီတွင် တွေ့ရှိရသော ပြဿနာများကို ဖြေရှင်းရန် အသေးစိတ် အကြံပြုချက်များနှင့် အဆင့်ဆင့် လမ်းညွှန်ချက်များ ပါဝင်ပါသည်။ ရှုပ်ထွေးသော အားနည်းချက်များအတွက် ကျွန်ုပ်တို့၏ Support Team မှ ကူညီဖြေရှင်းပေးရန် အသင့်ရှိနေပါသည်။